မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Monday 7 May 2012

လူမူးရေးကို အဓိကထားပြီးတည်ဆောက်ထားတဲ့ မြန်မာနိုင်ငံ


             မြစ်တွေ ချောင်းတွေ ရေအိမ်တွေက စီးဆင်းလာတဲ့ရေတွေဟာ ပင်လယ်ထဲကိုရောက်လာရင် အကုန် ဆားငံရည်ဖြစ်ကုန်တော့တယ်၊ ဘယ် တိုင်း၊ ဘယ်ပြည်နယ်ကလာလာ ဒီကျောင်းတိုက်ကိုရောက်လာ ယင်ဒီကျောင်းစည်းကမ်းအတိုင်းပဲနေရမယ်၊ ကျော့သား ရင်သားခွဲခြားမှူးမရှိရဘူး။ မိမိ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဋိတက္ကသိုလ် မှာနေစဉ် ဒုတိယနာကဆရာတော် ဦးပညာသီဟ ဆုံးမစကားလေးတခွန်းဖြစ်သည်။

          ဤစကားသည် တော်တော်မှန်ကန်သောစကားဖြစ်သည် ဆရာတော်ဦးပညာသီဟ ဘယ်သောခါမှ တိုင်းရင်းသာတွေအပေါ်မှာ ခွဲခြားဆက်ဆံသည်မရှိခဲ့ပါ။ မြတ်စွာဘုရားသာသနာတော်ကိုထောက်ကြည့်လိုက်ပါ မြတ်စွာဘုရားရှင်ရဲ့သားတော် ရာဟုလာသည် ငါသည်မြတ်စွာဘုရားရှင်ရဲ့သားတော် ငါ အဖေ ထူထောင်ထားတဲ့ သာသနာတော်မှာ ငါနေချင်သလိုနေမယ် လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့စိတ်ဓါတ်မျိုး ဘယ်သောအခါမှ ရှင်ရာဟုလာစိတ်ထဲမှာ မထားခဲ့ပါ။ မြတ်စွာဘုရားသည်လည်း ငါသား ရာဟုလာဆိုပြီး မျက်နှာသာပေးခဲ့သည်မရှိခဲ့ပါ၊ ရာဟုလာအပေါ်မှာချစ်ခင်သလို သတ္တ၀ါ အနန္တတွေအပေါ်မှာလည်း ရာဟုလာကိုချစ်သလို ချစ်မြတ်နိုးခဲ့သည်။

          မြတ်စွာဘုရားရှင်ရဲ့ ဆွေမျိုး နှစ်မျိုးတော်စပ်သူ ဒေ၀ဒတ် မြတ်စွာဘုရားနဲ့ ငါနဲ့ညီအကိုဆိုလည်းဖြစ်တယ် နှမပေးယောက်ဖဆိုလည်းဖြစ်တယ်။ ဒါကြောင့်ငါကို သာသနာတော်ကိုအပ်ရမယ်ဆိုပြီးအကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဘယ်လိုပင် ဆွေမျိုးနှစ်ဆက်တော်စေကာမူ မြတ်စွာဘုရားသည် သာသနာပျက်စီးရာ ပျက်စီကြောင်းကြံစည်အားထုပ်နေတဲ့ ဒေ၀ဒတ်ကို သာသနာကို မအပ်နှံ့ခဲ့သလို အဂ္ဂသာဝက၊ မဟာသာဝက ဘွဲ့ထူးကိုမပေးခဲ့ပါဘူး။ ဒီလိုစိတ်ဓါတ်မျိုး မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဗမာ့နိုင်ငံတော် အကြီးအကဲတွေ ရင်ထဲနှလုံးသားထဲမှာ ငါတို့သည် တစ်နိုင်ငံတည်းနေ တနိုင်ငံတည်းသား အတူတူနေထိုင်ကြတဲ့ အားလုံးက တိုင်းရင်းသာတွေပါ ငါတို့အချင်းချင်းကူညီရမယ် ချစ်မြတ်နိုးရမယ်ဆိုတဲ့ စိတ်ဓါတ်ရှိနေခဲ့ရင် မြန်မာနိုင်ငံတော်အတွက် ဂုဏ်ယူစရာတခုဖြစ်လာလိမ့်မည်။

          မေလ ၅ ရက်နေ့က ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ " အာရှ၏ အတိတ်ခေတ် ဗိသုကာရတနာများ ဆုံးရှုံးပျောက်ကွယ်မည့် ဘေးနှင့် ရင်ဆိုင်နေရ" ခေါင်းစဉ်နဲ့ သတင်းကို ဖေါ်ပြရာမှာ ထိုင်းနိုင်ငံက အယုဒ္ဓယ၊ တရုတ်နိုင်ငံမှ ကတ်ရှ်ဂါ မြို့ဟောင်းတွေရဲ့ နာမည်ကို ဖေါ်ပြပေမယ့် အဲဒီစာရင်းထဲမှာ နံပတ် (၆) နေရာက ပါရှိတဲ့ ကိုယ့်နိုင်ငံအတွင်းက မြောက်ဦးမြို့ကို ကျတော့ ဖေါ်ပြမထားဘဲ ဖုံးကွယ်ထားတာကို တွေ့ရှိရပါတယ်။

Global Heritage Fund လို့ ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေအဖွဲ့က အာရှတိုက်က ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် (၁၀) ခုဟာ ပျက်စီး ပျောက်ကွယ်ရမည့် ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ မေလ ၃ ရက်နေ့က Asia’s Heritage in Peril: Saving Our Vanishing Heritage ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲသလို ထုတ်ပြန်တဲ့ စာရင်းမှာ ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးလည်း အာရှက တစ်ခြား နေရာ (၉) နဲ့ အတူ စာရင်းထဲမှာ ထည့်သွင်း ဖေါ်ပြထားပါတယ်။ ပြည်သူပိုင် သတင်းစာကြီး တစ်စောင်ဖြစ်တဲ့ ကြေးမုံက အဲဒီ သတင်းကို မေလ ၅ ရက်နေ့က ဖေါ်ပြပေမယ့် ရခိုင်ရှေးဟောင်း မြို့တော် မြောက်ဦးရဲ့ အမည်ကို တစ်စုံတစ်ရာ မဖေါ်ပြဘဲ ဖုံးကွယ် ထားခဲ့ပါတယ်။
Narinjara Burmese News Online 24 X 7


        အထက်ပါ စာကိုကြည့်သောအားဖြင့် ဗမာနိုင်ငံခေါင်းဆောင်များသည် တိုင်းရင်တွေ ပေါ်လွှင်ထင်ရှားလာမည်ကို ဘယ်လောက်ကြောက်ခဲ့သလဲ ဗမာအစိုးရထုပ် ကြေးမုံးသတင်းစာကတောင် မပေါ်ပြရဲ့တဲ့ မိမိတို့နိုင်ငံ သမိုင်းကို ဘာကြောင်း ဖုံးကွယ်ထားရသနည်း။ ဗမာအစိုးရသည် တိုင်းရင်းသားတွေကိုချစ်ပါတယ်ဆိုတဲ့ စကားဘယ်လိုယုံကြည်ရမှာလဲ။ တကယ်လို့ ပုံဂံဘုရားတွေကို ဖေါ်ပြခဲ့ရင်ကော သတင်းစား စာမျက်နှာမှာ ဆန့်တောင်ဆန့်မည်မဟုတ်ဟု စာရေးသူတွေးတောမိသည်။
          မြန်မာပြည်အတွက် ဂုဏ်ယူရမည်းအစား ရှိနေတဲ့ ဂုဏ်ကို ဘာကြောင်း မြန်မာအစိုးရ နည်းပါးအောင်လုပ်ရသနည်း။ မြန်မာနိုင်ငံရေးလောကသည်လည်း လူမူးရေးကို အဓိကထားပြီး တည်ဆောက်ထားတဲ့နိုင်ငံဖြစ်နေလို့လားဟု မိမိမေးကြည့်ချင်သည်။ ဗမာ့အစိုးရသည် ငါတို့လူမျိုးသာ ချမ်းသာရမည်း ငါတို့လူမျိုးသည်သာ အထက်မှာရှိရမည်ဆိုတဲ့ စိတ်ဓါတ်မျိုးသူတို့မှာ ရှိနေသည်ကို ငြင်းချက်ထုပ်လို့မရပါ။
          မြန်မာဒီမိုဂရေစီဂေါင်းဆောင်များ လူမူးရေးကို အဓိကထားပုံမှာကတော့ ပေါ်လွင်ထင်ရှားလှသည်။ ဧရာဝတီကိစ္စတုံးက မြန်မာဒီမိုဂရေစီအပါအ၀င် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ဆန္ဒပြခဲ့ကြသည်၊ ရခိုင်း ဂက်စ် ကိစ္စကိုတော့ မည်သည့် ဒီမိုကရေစီအဖွဲ့အစည်းမှ ပါဝင်ခဲ့သည်ကိုမတွေ့ရခဲ့ပါ။

          စာရေးသူ သူငယ်ချင်းတယောက်သည် ပြည်ပသတင်းဌာနတခုတွင် သတင်းထောက်လုပ်နေစဉ် နိုင်ငံတကာ လက်ခံယုံကြည်လောက်သော ရခိုင်သတင်းတွေကို တကယ်မှန်ကန်ပြီး တိကျနေပါလျှက် မတင်ခဲ့လို့ စာရေးသူ သူငယ်ချင်းမကြာမကြာလာပြီး ရင်ဖွင့်ပြောဆိုခဲ့သည်ကို ယနေ့တိုင် အမှတ်ရမိနေသည်။ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်နိုင်ငံရေး နိုင်ငံရေးလို့ အော်ဆိုနေကြသော ဗမာပြည်သူများသည် လူမူးရေးကို အဓိကထားပြီး တည်ဆောက်နေသောနိုင်ငံဖြစ်သည်ဟု စာရေးသူရဲရဲကြီးပြောရဲသည်။

ဤစာကိုဖတ်ပြီး တကယ်လို့သာ စာနာမူးရှိတတ်တဲ့သူတစ်ယောက်ဆိုလျှင် အပြစ်မပြောသင့်ပါ။
         

                 
မာန်အောင်ဘိက္ခု

1 comment:

  1. ဗမာခေါင်းဆောင်တိကို
    ကကောင်းနာကျဉ်းမိပါရေ

    ReplyDelete