မာန်အောင်သဇင်ချစ်သူ မှ ကြိုဆိုပါသည်

Saturday 28 July 2012

အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့

                                                                                               
                မိဘနှင့်သားသမီး ချမ်းမြေ့ပျော်ရွင်စွာ နေထိုင်ဖို့အတွက် သားသမီးတွေအနေနှင့် နောက်ထပ်ပေးဆပ်ရမယ့် အရည်အသွေးတခုကတော့ မိဘတွေရဲ့ မျိုးရိုးစဉ်ဆက်ကို စောင့်ထိန်းရမယ်ဆိုတဲ့အရည်အသွေးပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီအရည်အသွေးစာ မိဘတွေရဲ့တတိယမျှော်လင့်ချက်ပဲဖြစ်ပါတယ်။
                မိဘတွေက ဘယ်လိုမျှော်လင့်ကြသလဲဆိုတော့ ငါတို့မွေးမြူထားတဲ့ သားသမီးတွေဟာ ငါတို့မိဘဘိုးဘွားတွေရဲ့ မျိုးရိုးစဉ်ဆက်ကို မတိမ်းကော မပ,ပျောက်အောင် ဆက်လက်ဆောင်ရွက်နေကြလိမ့်မယ်လို့မျှော်လင့်ကြတာဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်ဟာ သားသမီးတွေအနေနဲ့ လေးလေးနက်နက်ထားရမှာဖြစ်သလို မိဘတွေအနေနဲ့လည်း အလွန်အင်မတန်မှ လေးစားမြတ်နိုးမိတဲ့အချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားရေးရော ဘာသာရေးပါ အရေးကြီးတဲ့အချက်ဖြစ်သလို အရေးကြီးတဲ့ခေတ်ကြီးလည်း ရောက်နေလို့ပါပဲ။
               
                မြန်မာစကားပုံတခုရှိပါတယ် “မြေမျိုလို့ လူမျိုးမပြုတ်ဘူး၊ လူမျိုရင် လူမျိုးပြုတ်မယ်” ဆိုတဲ့စကားပဲဖြစ်ပါတယ်။ ဒီအသိပေးစကားဟာ တော်တော်လေး တန်ဖိုးကြီးမားပါတယ်။ လေးလေးနက်နက် စဉ်းစားလေ တန်ဖို့ကြီးမားလေပါပဲ။ အရင်ကဆိုရင် ဒီအသိပေးစကားလေးကို ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဆိုင်ဘုတ်ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ဘာလို့အလုပ်ရှုပ်ခံပြီး အချိန်ကုန်ခံပြီး ချိတ်ဆွဲထားတာလဲဆိုရင် ဒီဆိုင်းဘုတ်ကလေးကိုမြင်တိုင်း အမျိုးကိုချစ်တဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်နေအောင်လို့ပါပဲ။ သတိမထား အမှားတွေ့တတ်တဲ့ လူတွေအတွက် ဒီဆိုင်းဘုတ်ကလေးကို မြင်လိုက်တာနဲ့ အမှားကို အမှားမှန်း သိသွားအောင်လို့ပါပဲ။ (ဦးဇင်းတို့ခေတ်မှာတော့ မရှိတော့ပေါင်)
                သတင်းစာတွေရဲ့ မျက်နှာဖုံးပေါ်တွေမှာလည်း လူမှုရေးဦးတည်ချက်လေးရပ်ဆိုပြီး နေ့စဉ်နေ့တိုင်း တွေ့မြင်ရပါတယ်။ ဒါဟာ အကြောင်းမဲ့ထည့်ပေးနေတာမဟုတ်ပါဘူး။ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မာရေးအတွက် ထည့်ပေးနေတာဖြစ်ပါတယ်။ ယဉ်ကျေးမှုးအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ အပျောက်ပျက်အောင် ထည့်ပေးနေတာ ဖြစ်ပါတယ်။ဒီစကားလုံးလေးတွေဟာ နေ့တိုင်းမြင်နေရပေမဲ့ တန်ဖိုးရှိမှန်းမသိ ဖြစ်နေကြပါတယ်။ တန်ဖို့မရှိမှန်းမသိတော့ တန်ဖို့မဲ့တဲ့ တန်ဖို့မဲ့တဲ့သူတွေဖြစ်တတ်ပါတယ်။

                သေသေရှာရှာ စဉ်းစားကြည့်နော်။ တန်ဖို့ရှိတဲ့စကားကို တန်ဖို့ရှိမှန်းမသိလို့ တန်ဖို့မဲ့တဲ့သူတွေ ဖြစ်နေကြတာ မြန်မာပြည်မှာ အများကြီးပဲ။ ဘာလို့ တန်ဖို့မဲ့တဲ့သူတွေ ဖြစ်သွားကြတာလဲဆိုရင် အမျိုးသားရေးစိတ်ဓါတ် ဘာသာရေးစိတ်ဓါတ်ကို ခိုင်ခိုင်မာမာထားကြလို့ပါပဲ။ အမျိုးသားရေးစိတ်ဓါတ်နှင့် အမျိုးသားရေးလက္ခဏာများကို အပျောက်ပျက်အောင် ထန်းသိမ်းစောင့်ရှောင့်စောင့်ရမယ်ဆိုရင် တန်ဖို့မဲ့တဲ့သူတွေ ဖြစ်မလာပါဘူး။ အမျိုးသားရေး စောင့်ရှောက်ဖို့ အန္တရာယ်ဆိုတာ သိသိသာသာတိုက်ခိုက်လာတဲအန္တရာယ်နဲ့ မသိမသာတိုက်ခိုက်လာတဲ့ အန္တရာယ်ဆိုတာ နှစ်မျိုးရှိတယ်။
                အဲဒီအန္တရာယ်နှစ်မျိုးထဲက သိသိသာသာတိုက်ခိုက်လာတဲ့ အန္တရာယ်က ကြောက်ဖို့မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ တိုက်ခိုက်လာတာကို သိတဲ့အတွက် ကိုယ်က ရှိတဲ့အင်အားနဲ့ ပြန်လှန်ကာကွယ်လို့ရပါတယ်။ မသိမသာတိုက်ခိုက်လာတာတဲ့ အန္တရာယ်ကတော့ တကယ်ကြောက်ဖို့ကောင်းပါတယ် ဘာလို့လဲဆိုတော့ တိုက်ခိုက်နေတာကို တိုက်ခိုက်နေမှန်းမသိတဲ့ အတွက် ကျောချမှ ဓါးပြမှန်းသိရတော့ ယူကျုံးမရ တသသဖြစ်ရတော့တယ်။
                 မှတ်ချက်။ စာရေးဆရာ ဖိုးပညော ဒီစာအုပ်ကိုရေးတုံးက အခုရခိုင်မှာဖြစ်နေတဲ့ ဘင်္ဂလီအကြမ်းဘက်သမားတွေရဲ့တိုက်ခိုက်မှုမျိုး မြန်မာနိုင်ငံမှာမကြုံသေးလို့ သိသိသာသာတိုက်ခိုက်လာတဲ့ အန္တရာယ်က ကြောက်ဖို့မကောင်းပါဘူး။ လို့ ဖိုးပညောရေးသားခဲ့သည်။ အခုတော့ ရခိုင်ပြည် ပြာပုံဖြစ်နေပြီ ကိုယ်နိုင်ငံမှာ တခြားနိုင်ငံသားတွေ ဒုက္ခသည်မဖြစ်ပဲ ကိုယ်နိုင်ငံသားတွေက ဒုက္ခသည်တွေဖြစ်နေကြရပြီ။ ဘာပဲဖြစ်ဖြစ် စာရေးဆရာ ဖိုးပညောကို အခုလို အမျိုးသားရေး ဘာသာရေးအတွက်ရေးပေးခဲ့လို့ အတိုင်းမသိကျေးဇူးတင်မိပါသည်ဘုရား။

                မြွေဆိုတဲ့ သတ္တ၀ါက ဖားသူငယ်ကို ဘယ်တော့မှ တစ်ခါတည်း မျိုမချဘူး။ အမျိုခံရတဲ့ ဖားသူငယ်ဟာလည်း ဒါလောက်မျိုနေရုံနဲ့တော့ ငါခနာကိုယ်တစ်ခုလုံး မြွေပါးစပ်ထဲ ရောက်မသွားနိုင်ပါဘူး။ အသက်လည်းပျောက်မသွားနိုင်ပါဘူးဆိုပြီး မှိန်းခံနေလို့မဖြစ်ပါဘူး။ ကိုယ်ကလည်း ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိပေမယ့် ရှိတဲ့အင်အားနဲ့တော့ လွတ်အောင်ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။ အသက်လည်းပျောက်၊ မြွေပါးစပ်ထဲ ခနာလည်းရောက်တော့မှ ငါ့အသက်နဲ့ ငါခနာပြန်ပေးပါဆိုပြီး အသနားခံလို့ မရတော့ပါဘူး။ မြန်မာတစ်မျိုးသားလုံးဟာ မြွေပါးစပ်ထဲရောက်နေတဲ့ ဖါးသူငယ်လိုဖြစ်နေပါတယ်။ ဒါကြောင့်မို့ အမျိုးကိုချစ်တဲ့သူတိုင်း မွေးပါးစပ်ထဲက ဖါးသူငယ်လို မဖြစ်အောင် ရုန်းထွက်နိုင်ဖို့ အရေးကြီးလှပါတယ်။
                လူတိုင်းလူတိုင်း ကုယ့်လမျိုး ကိုယ့်ဘာသာဆိုတာရှိပါတယ်။ အဲဒီလိုရှိတဲ့အတွက် ကိုယ့်လူမျိုး ကိုယ့်ဘာသာကိုချစ်ရမယ်။ ကိုယ့်ဘာသာကို တန်ဖို့ထားရမယ်။ အချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်လေးတွေ ခိုင်ခိုင်မာမာ ရှိနေရပါမယ်။ ဒါဆိုရင် ကိုယ်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ်ဘာသာ၊ ကိုယ့်သာသနာဟာ ဘယ်တော့မှ တိမ်းကောသွားမှာမဟုတ်ပါဘူး။  အခုပြောနေတဲ့ စကားဟာ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွယ်နေတယ်လို့ ထင်စရာပါပဲ၊ အဲလိုမဟုတ်ပါဘူး။ မိဘတွေရဲ့ တတိယမျှော်လင့်ချက်ကို ပုံဖေါ်နေတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့လည်း မဆိုင်ပါဘူး။ ဘာသာရေးနဲ့လည်း မပတ်သက်ပါဘူး။ လူမျိုးရေးနဲ့လည်း မစပ်ယှက်ပါဘူး။ မိဘတိုင်း မိဘတိုင်းရဲ့ ရင်ထဲမှာရှိနေတဲ့ မျှော်လင့်ချက်ကိုပြောနေတာဖြစ်ပါတယ်။

                မိဘတွေက “ ငါတို့မွေးထားတဲ့ သားမီးတွေဟာ ငါတို့ဘိုးဘွားမိဘတွေရဲ့မျိုးရိုးကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောင့်နေရစ်ကြလိမ့်မယ်” မျှော်လင့်ခဲ့ကြပါတယ်။ မြန်မာလူမျိုးတစ်ယောက်ဟာ မြန်မာနဲ့အိမ်ထောင်ကျတာဟာ အကောင်းဆုံးပါပဲ။ တခြားလူမျိုးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားရင် မိဘတွေရဲ့မျှော်လင့်ချက် ပျက်သွားတော့တာပါပဲ။ မြန်မာ့သွေး၊ မြန်မာသားဆိုတာ သန့်ပါတယ်။ တခြားသွေးသွားတွေနဲ့ရောစပ်လို့မရပါဘူး။ ရောစပ်လိုက်တာနဲ့ တစ်ပြိုင်နက်မွေးလာတဲ့ကလေးဟာ မြန်မာရုပ်ဆိုတာ ဖြစ်မလာတော့ပါဘူး။ လာရောတဲ့သွေးသားရဲ့ ဥပဓိရုပ်အတိုင်း သွားထင်တော့တာပဲ။ မြန်မာစစ်မှ မြန်မာရုပ်ပေါ်တာပါ။ ဒါကြောင့် မိဘတွေစောင့်ရှောက်ခဲ့တဲ့အမျိုးအနွယ်ကို သားသမီးတွေက ဆက်လက်စောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့မြေပုံဟာ ကမ္ဘာမြေပုံမှာ မပျောက်မှာ ဖြစ်ပါတယ်။ အဲဒီမှ မဟုတ်ဘဲ ငွေတစ်ခုတည်း၊ အာသာတစ်ခုတည်းကြည့်ပြီး ပေါက်ကရတွေနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် မိဘတွေစောင့်ရှောင့်ခဲ့တဲ့ မျိုးရိုးဂုဏ်ကို ဖျက်ဆီးပစ်တာနဲ့အတူတူပါပဲ။

                ပုဂံခေတ်က ကျန်စစ်သားဆိုတာ ရာဇ၀င်မှာထင်ရှားတဲ့ မင်းတစ်ပါးပဲ ဖြစ်ပါတယ်။ သူ့မှာ ရွေအိမ်စည်ဆိုတဲ့ သမီးတော်လေးတပါးရှိပါတယ်။ ဘုရင်ကြီးမှာ သမီးတော်လေးကို အလွန်ချစ်လွန်းလို့ ဘုံခုနှစ်ဆင့်အမြင့်ရှိတဲ့ နန်းပြဿာဒ်နဲ့ထားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ရွေအိမ်စည်မင်းသမီး ဟာ ကုလားပြည်ကလာတဲ့ ပဋိက္ကရားဆိုတဲ့လူတစ်ယောက်နဲ့ မေတ္တာမျှသွားကြပါတယ်။ ဒီအကြောင်းကို ကျန်စစ်သားမင်းကြီးသိတော့ သဘောမတူပါဘူး။ ဘာလို့သဘောမတူလဲဆိုရင် လူမျိုးခြားဘာသာခြားဖြစ်နေလို့ပါပဲ။ ဒါကြောင့်မို့ အမျိုးဘာသာတူတဲ့ စောလူးမင်းရဲ့ သား စောယွမ်း နဲ့ သမီးတော်ကို ထိမ်းမြားလက်ထပ်ပေးစားလိုက်ပါတယ်။ အဲဒီ ပဋိက္ကရားဆိုတဲ့လူဟာ သာမန်ပုဂိုလ်တော့မဟုတ်ဘူး။ ပြဒါရှင်ရဲ့ အစွမ်းသတ္တိနဲ့ မြေလျှိုမိုးပျံနိုင်တဲ့သူပဲ ဖြစ်ပါတယ်။ သူ့ဘာသာမြေလျှိုမိုးပျံရုံမကလို့ ကမ္ဘာကြီးကိုပဲ ပြောင်းပြန် လှန်နိုင်အောင် လုပ်နိုင်ပါစေ။ ဘာမှအထင်ကြီးစရာမလိုပါဘူး။
                ကျန်စစ်သားမင်းကြီးဟာ ပဋိက္ကရားမင်းသားကို အထင်ကြီးလို့ သမီးတော်နဲ့ပေးစားခဲ့ရင်တောင်မှ မြန်မာ့သမိုင်းရဲ့စာမျက်နှာပေါ်မှာ ကျန်စစ်သားမင်းဆိုတာ အမဲစက်တစ်ခုနဲ့ စွန်းထင်နေခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ ကျန်စစ်သားမင်းကြီးဟာ အမျိုးကိုချစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဇာတိဂုဏ်ကို စောင့်ထိန်းကြောင်း မှတ်တိုင်ထူးပြခဲ့ပါတယ်။ ဒါကြောင့်မို့ လူတိုင်းလူတိုင်း ကိုယ့်အမျိုးကို ချစ်ဖို့လိုပါတယ်။ အမျိုးချစ်မှ အမျိုးစစ်မှာဖြစ်ပါတယ်။ အမျိုးမချစ်ဘဲ လူမျိုးခြား ဘာသာခြားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် အမျိုးမစစ်တော့ဘူး။ အမျိုးမစစ်တော့ မိဘတွေ ကိုးကွယ်ခဲ့တဲ့ဘာသာကိုလည်း မချစ်မြတ်နိုးတော့ပါဘူး။ ဘာသာကို မချစ်မြတ်နိုးတော့ဘူးဆိုရင် မိဘဘိုးဘွားတွေ စောင့်ရှောက်ခဲ့တဲ့အမွေအနှစ်တွေလည်း ပျက်စီးဖို့ပဲ ရှိပါတော့တယ်။
                ဗုဒဘာသာမြန်မာလူမျိုးတွေ သာကီနွယ်ဖွားလို့ တိုက်ရိုက်မဆိုသာပေမဲ့ ဆက်နွယ်ပတ်သက်မှုတော့ ရှိနေပါတယ်။ သမိုင်းကြောင်းအရပဲကြည့်ကြည့်၊ ကိုးကွယ်တဲ့ဘာသာအရပဲကြည့်ကြည့် သာကီနွယ်ဖွားတွေနဲ့အကြောင်းမကင်းပါဘူး။ သာကီနွယ်ဖွားဆိုတာ ဂေါတမဗုဒရဲ့အမျိုးအနွယ်ကို ပြောတာဖြစ်ပါတယ်။ အမျိုးအနွယ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာတော့ ရှားမှရှားပဲ။ တစ်ဆွေလုံးတမျိုးလုံး တခြားသွေးသားတွေနဲ့ရောစပ်မှုမပြုပါဘူး။ တခြားသွေးတွေနဲ့ရောစပ်လိုက်ရင် အမျိုးပျောက်မှာကြောင့်မို့ဖြစ်ပါသည်။
                မှတ်ချက်။ ခုအင်တာနက်ခေတ်မှာ မလေး စသောနိုင်ငံတွေမှာရောက်ရှိနေကြသော တချို့သော မိန်းကလေးများသည် (အကုန်သူကိုမဆိုလိုပါ) နီပေါနိုင်ငံသား မလေးနိုင်ငံသား တခြားသောနိုင်ငံသားတွေနဲ့ အတူနေထိုင် သမီးရည်းစားဖြစ်နေကြတာ မကြာမကြာကြားနေရသည်။ ကဲဘာပဲဖြစ်ဖြစ် ရွေမြန်မာတို့ရေ တိုက်ကားကြီးပေါ်မှာ ထားနိုင်မှ အချစ်ကစစ်တာမဟုတ်ပါဘူး။ ဘာသူတူ လူမျိုးတူတဲ့ ဆိုက်ကားသမားလေး ပေးတဲ့ ပိုက်ဆံကဖြူစင်ပါတယ် လှူလို့လည်ကောင်းပါတယ်။ သန့်လည်းသန့်ရှင်းပါတယ်။

                ဇာတိသမ္မေဒဘယာ သကာဟိ ဘဂိနီဟီ သဒ္ဓိံသံဝါသံ ကပေန္တိ လို့ သီလက္ခန အမ္ဗဋ္ဌသုတ်ထဲမှာ ပြဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ “ သာကီဝင်မင်းတို့သည် အမျိုးပျောက်မှာ ကြောက်ခြင်းကြောင့် မိမိတ၀မ်းကွဲ နှမတို့နှင့်အတူတကွ အိမ်ထောင်ပြုကြကုန်” လို့ဆိုထားပါတယ်။ အမျိုးကိုစောင့်ထိန်းတဲ့နေရာမှာ ဘယ်လောက်ထိခံယူချက် ပြင်းသလဲဆိုရင် တခြားသွေးသားနဲ့ ရောစပ်မှာကြောင့်မို့ မောနှမအချင်းချင်းတောင် ပြန်ယူတဲ့အထိပါပဲ။ အမျိုးအနွယ်ကိုစောင့်ရှောက်တဲ့နေရာမှာတော့ စံနမူနာပါပဲ။ ဒါကြောင့်မို့ အမျိုးအနွယ်ကို စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ အမျိုးအနွယ်ကို မထိန်းသိမ်းမစောင့်ရှောက်တဲံ သားသမီးဟာ ဒုက္ခတွေ့တတ်ပါတယ်။ 

                                                                ဘယ်နေရာတွေမှာ ဒုက္ခတွေ့သလဲ…………? လို့မေးစရာ ဖြစ်လာပါတယ်။

                ဥပမာပြောရရင် ဗုဒဘာသာမြန်မာအမျိုးသမီးတယောက်ဟာ လူမျိုးခြား၊ ဘာသာခြားနဲ့အိမ်ထောင်ပြုတယ် ဆိုကြပါစို့။  ကိုယ့်ဗုဒဘာသာအမျိုးသမီးတစ်ယောက်မို့ ဘုရားကို ကိုးကွယ်ချင်တယ်၊ တရားကိုနာချင်တယ်၊ သံဃာကို ဆည်းကပ်ချင်တယ်။ ဒါပေမယ့် ကိုယ်ယူထားတဲ့ ယောကျာ်းရ လူမျိုးခြား ဘာသာခြားဖြစ်နေတယ်။ အဲဒီတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရဘူး။ အိမ်ရှေ့မှာ ဆွမ်းတော်လာရပ်တာတောင်မှ ကန်တော့ဆွမ်းလို့ မပြောရဲတဲ့ဘသ၊ သားလေး မွေးလို့ရှင်ပြုပေးချင်တာတောင်မှ ဖွင့်မပြောရဲတဲ့ဘ၀၊ မသီးလေး နားသမင်္ဂလာလုပ်ချင်တာတောင်မှ ဖွင့်မဟရဲတဲ့ဘ၀၊ ဒီကြားထဲ ယောက်ျားကြောက်လို့ ကိုယ် ကိုးကွယ်တဲ့ဘာသာကို စွန့်လွတ်လိုက်ရပြီး ယောကျာ်းကိုးကွယ်တဲ့ ဘာသာကို ခံယူလိုက်ကြတဲ့ မြန်မာအမျိုးတွေ အများကြီးပါပဲ။ ဒီအချိန်မှာ သူတို့လက်ခုပ်ထဲကရေမို့ မကြိုက်လည်း ကိုးကွယ်ရ၊ မမှန်လည်း ဆည်းကပ်ရ လုပ်ရပါတယ်။
                ဒီထက်ပိုဆိုးတာက မွေးလာတဲ့ကလေးတွေကိုလည်း သူတို့ရဲ့ လူမျိုးထဲရောက်အောင် ဇာတ်သွင်းခံရပါတယ်။ အဲဒီလို ဇာတ်သွင်းခံရတဲ့ ကလေးတွေရဲ့ စိတ်ဓါတ်ဟာ သူတို့ဘာသာကို ကိုးကွယ်ယုံမိတာနဲ့ အမျိုးသားရေးစိတ်ဓါတ်တွေလည်း ပျက်သွားတော့တာပါပဲ။ ဒါကြောင့်မို့ ကိုယ်မွေးထားတဲ့သာက လူမျိုးခြားစိတ်ဓါတ်၊ ဘာသာခြားစိတ်ဓါတ်ဝင်သွားရင် လူမျိုးလည်းဆုံး၊ ဘာသာလည်း ရှုံးတော့တာပါပဲ။ ကိုယ်မွေးထားတဲ့သားက လူမျိုကိုလည်းဖျက်တယ်၊ ဘာသာကိုလည်း ပျက်အောင်ဖျက်မယ်ဆိုတာ အမျိုးမစောင့်စည်းတဲ့ သားသမီးတွေရဲ့ရလဒ်ပါပဲ။ မိအေးနှစ်ခါ မကပါဘူး။ မိအေးဘ၀တစ်ခုလုံး မိအေးမျိုးဆက်တစ်ခုလုံး နစ်နာရပါတော့တယ်။

                လူမျိုးရေးကို အခြေခံပြီးဘာသာတရားကို ၀ါးမျိုတာဟာ အခုမှမဟုတ်ပါဘူး။ မြတ်စွာဘုရားလက်ထက်ကလည်းရှိခဲ့ဖူးပါတယ်။ အချောအလှမှာ ပြောမပြတတ်အောင်လှပတဲ့ ရာဇဂြိုဟ်မြို့သူ သူဌေးသမီးလေးမယ်ဥတ္တရာဟာ လူမျိုးဘာသာခြားတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်၊ သူရဲအိမ်တောင်ရေးဟာ တစ်ဦးနဲ့တစ်ဦးမေတ္တာသက်ဝင်ချစ်ကျွမ်းဝင်လို့ယူတာတော့ မဟုတ်ပါဘူး။ သူဌေးသမီးဆိုတော့ အခြားသူဌေးသား မိဘတွေက လာစပ်ကြတယ်။ မယ်ဥတ္တရာက ဘုရားကို ကြည်ညိုတဲ့သူ၊ သံဃာကို ဆည်းကပ်နေတဲ့သူ၊ နောက်ပြီး သောတာပန်တည်နေတဲ့ မိန်းကလေး။ ဒီမိန်းကလေးကို လာတောင်းသူက လူမျိုးခြားဘာသာခြား၊ အဲဒီတော့ မယ်ဥတ္တရာရဲ့အဖေကလည်း သဘောမတူပါဘူး။
                “ခင်ဗျားသာ ကျုပ်သမီးနဲ့ဖြစ်မှာ မဟုတ်ပါဘူး။ ကျုပ်သမီးက ဘုရားအမှူးရှိသော သံဃာတော်တွေကို နေ့တိုင်းနေ့တိုင်းဆွမ်းလောင်နေတယ်။ ဘုရားတရားကိုလည်း အမြဲတမ်းလို နာနေတယ်။ ခင်ဗျားတို့ ကိုးကွယ်တဲ့ဘာသာကတခြား၊ ကျုပ်တို့ ကိုးကွယ်တဲ့ဘာသာက တစ်မျိုးဆိုတော့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်” “သူဌေးကြီးရာ… ဒီကိစ္စအတွက်တော့ ဘာမှမပူပါနဲ့၊ သူစိတ်တိုင်းကျဖြစ်အောင် လွပ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါ့မယ်၊ သူ ဆွမ်းလောင်းချင်တဲ့အချိန်လောင်း၊ တရားနာချင်တဲ့ အချိန်နာ၊ သူစိတ်ချမ်းသာသလိုဖြစ်စေရမယ်”

                ဒါနဲ့ သူဌေးကြီးကလည်း သူတို့ပြောတဲ့စကားကို ယုံကြည်ပြီး သမီးလေးကို လာတောင်းတဲ့ လူမျိုးခြားဘာသာခြားနဲ့ ပေးစားလိုက်ပါတယ်။ လူမျိုးခြားဘာသာခြားတွေဟာ အပြောတစ်မျိုးနဲ့ သဘောကသိပ်ရိုးလှတာ မဟုတ်ဘူး။ မရခင်တုန်းကတော့ အောက်ကျို့ပြီး အသနားခံတောင်းပါတယ်။ တကယ်တမ်း သူတို့လက်ထဲ ရောက်သွားပြီးဆိုတော့ ထားရာနေ စေရာသွားတော့တာပါပဲ။ မယ်ဥတ္တရာလေးက သူတို့အိမ်ရောက်သွားကတည်းက ဘုရားကိုလည်း ကိုးကွယ်ခွင့်မရတော့ဘူး။ တရားကိုလည်း ကြားနာခွင့်မရတော့ပါဘူး။ သံဃာကိုလည်း ဆွမ်းကပ်ခွင့်မရတော့ပါဘူး။ သူတို့ယူတဲ့အယူသာအမှန်ဆိုပြီး အတင်းအဓမ္မ ကိုးကွယ်ခိုင်းတော့တာပါပဲ။ တခြားစိတ်ဓါတ်ပျော့ပျောင်းတဲ့ မိန်းကလေးသာဆိုရင်လည်း ပါသွားမှာသေချာပါတယ်။ မယ်ဥတ္တရာဆိုတာက သောတာပန်တည်ထားတာဆိုတော့ ဘုရားမှာတပါး တခြားကိုးကွယ် ယုံကြည်စရာဆိုလို့ မရှိတော့တဲ့ အတွက် သူတို့ခိုင်းတဲ့အတိုင်း မရပါဘူး။ အခုခေတ် မြန်မာအမျိုးသမီးတွေ သေသေချာချာ လေးလေးနက်နက် အတုယူစရာပါပဲ။

                တချို့ အမျိုးသမီးတွေ လူမျိုးခြားဘာသာခြားတွေနဲ့ညားပြီး လူမျိုးခြား ဘာသာခြားစိတ်ဓါတ်ပေါက်နေတာတွေ အများကြီးပါပဲ။ မွေးလာတဲ့ ကလေးတွေကစပြီး လူမျိုးခြား၊ ဘာသာခြား စိတ်ဓါတ်ပေါက်သွားတော့တာပါပဲ။ အမျိုးပျောက်တယ်ဆိုတာ မြန်မာမိန်းကလေးတွေ လူမျိုးခြားဘာသာခြားနဲ့ညာကြတာဟာ မူလအစ ပထမပါပဲ။ မွေးလာတဲ့ကလေးတွေဟာ ရုပ်ကတော့ မြန်မာရုပ်ကလေးတွေ ဖြစ်ပေမယ့် စိတ်ဓါတ်ကတော့ မြန်မာစိတ်ဓါတ်မရှိပါဘူး။ မြန်မာအမျိုးသမီးကနေ ၀မ်းနဲ့လွယ်ပြီး မွေးထုတ်လိုက်တဲ့ကလေးဟာ လူမျိုးခြားစိတ်ဓါတ် ဘာသာခြားစိတ်ဓါတ်ပေါက်သွားရင် တော်တော့ကို နစ်နာပါတယ်။ အိမ်တအိမ်မှာ တိုင်တစ်လုံး ခြပုံးတက်ရုံနဲ့ ပျက်စီးမသွားနိုင်ပါဘူးဆိုပြီး ပေါ့လျော့နေလို့မဖြစ်ပါဘူး။ အချိန်ကြာတာတာနဲ့အမျှ တစ်တိုင်းပြီး တစ်တိုင်ကူစက်သွားရင် တစ်အိမ်လုံးပျက်စီးသွား နိုင်ပါတယ်။ အမျိုးသားရေးစိတ်ဓါတ်ဆိုတာ တဘက်နိုင်ငံကလက်နက်တွေနဲ့ ခြိမ်းခြောက်နေတာကို ကာကွယ်ရုံနဲ့ မပြီးသေးပါဘူး။ နိုင်ငံတွင်းထဲမှာ သပွတ်အူလို လှိုက်စားပြီး စိမ့်ဝင်နေတဲ့ အမျိုးရေးကိုလည်း သတ္တိရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။ ဒါကြောင့်မို့ သားမသီးတိုင်း မိဘဘိုးဘွားတွေရဲ့မျိုးဆက်ကို တခြားသွေးသွားတွေနဲ့ မရောဘဲ အရှည်သတဖြင့် တည်တဲ့အောင် စောင့်ရှောက်ကြဖို့လိုပါတယ်။ မိဘတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ဒီအရေးကြီးတဲကအချက်ဟာ များသောအားဖြင့် ဘာသာရေး အခြေခံနည်းပြီး အမျိုးသားရေးစိတ်ဓါတ် ခိုင်ခိုင်မာမာမရှိတဲ့ မိန်းကလေးတွေ အဖြစ်များတာတွေ့ရပါတယ်။ ပြောရင် ယုံလွယ်တတ်သလို ယုံရင်လည်း ပုံအပ်လိုက်တော့တာပါပဲ။

                ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုကို မကြည့်ပဲနဲ့။ဆန္ဒရဲ့နောက်ကွယ်မှာ စွန့်လွတ်ရမဲ့ အမျိုးသားစိတ်ဓါတ်၊ ဖျက်ဆီးခံလိုက်ရမဲ့ ဘာသာရေးစိတ်ဓါတ်တွေဟာ တော်တော်လေး ရင်နင့်စရာကောင်းလှပါတယ်။ ငယ်ငယ်တုန်းက မိဘတွေနဲ့အတူ ဘုရားရှိခိုးခဲ့တယ်။ သီလဆောက်တည်ခဲ့တယ်။ ဘုရားသွားကျောင်းတက် လုပ်ခဲ့ရတယ်။ ဘုရားရှေ့မှာ ဒူးလေးတုပ်ပြီး ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွေးနံသာတွေ ကပ်လှူခဲ့တယ်၊ ကိုယ့်ရဲ့မွေးနေ့ဂြိုဟ်တိုင်ရှေ့မှာ ဆုတောင်းအမျှဝေခဲ့ရတယ်။ ဒါဟာ လွတ်လပ်တဲ့ အပျိုရည်ဘ၀နော်။ တကယ်လို့ အဲဒီအမျိုးသမီးဟာ လူမျိုးခြားဘာသာခြားနဲ့အိမ်ထောင်ကျသွားရင် ဘုရားရှိခိုးဖို့ဆိုတာလည်း မလွယ်ပါဘူး။ သီလဆောက်တည်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ဘုရားကျောင်းတက်လုပ်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဘာလို့ဒီလိုဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားရတာလဲဆိုရင် ကိုယ်နဲ့ညားတဲ့ယောကျာ်းက လူမျိုးခြားဘာသာခြားဖြစ်နေလို့ပါပဲ။ အမိမြန်မာပြည်မှာ အမိဗုဒဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်မရတဲ့ မြန်မာမိန်းကလေးတွေ အများကြီးပါပဲ။

                ဒိုက်ဦးမြို့နယ်ရဲ့ ရွာတရွာမှာ မိအေး နဲ့ မိဌေးဆိုပြီး ညီအစ်မနှစ်ယောက်ရှိတယ်။ အကြီးမ မိအေးဟာ ပထမ လူမျိုးခြားဘာသာခြားနဲ့ညားတယ်။ ကလေးခြောက်ယောက်ရပြီး မိအေး သေးဆုံးသွားတယ်။ မိအေး သေလို့ ခုနှစ်ရက်တောင်မပြည့်သေးဘူး။ ညီမဖြစ်သူ မိဃေးကလည်း အဲဒီ မိအေးယောကျာ်းနဲ့ပဲ ခိုးရာလိုက်သွားတယ်။ မိဌေးနဲ့လည်း ကလေးငါးယောက်ရတယ်။ လူမျိုးခြားဘာသာခြား ယောကျာ်းတယောက်က ဗုဒဘာသာမြန်မာအမျိုးသမီး ညီအစ်မနှစ်ယောက်ကိုယူလိုက်တာ သားသမီး(၁၁)ယောက်တောင်ရတယ်။ အဲဒီကလေး ၁၁ယောက်လုံးဟာ ဘုးရားလည်း ရှိခိုးခိုင်းလို့မရဘူး။ တရားလည်း နာခိုင်းလို့မရဘူး။ သံဃာကိုလည်း ဆွမ်းလောင်းခိုင်းလို့မရဘူး။ စဉ်းစားကြည့်နော်။ ဒီကလေး (၁၁) ယောက်ရဲ့မျိုးဆက်သစ်တွောလည်း လူမျိုးခြားစိတ်ပေါက်ပြီး ဗုဒဘာသာစိတ်ပျောက်လို့နေမှာသေချာပါတယ်။ ဒါဟာ လူမျိုးရေးကို အခြေခံပြီး ဘာသာရေးကို ၀ါးမျိုလိုက်တာပဲ။ အဆီကိုလည်းစားတယ် အသားကိုလည်းမျိုတယ်။

                ဦးဇင်းဟာ ဘာလို့ ဒါလောက်တောင် အရေးတကြီးပြောနေရတာလဲဆိုရင် အမျိုးပျောက်မှာ စိုးကြောက်နေလို့ပါပဲ။ နောက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးစေချင်လို့ပါ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ့်အမျိုးကို ထိန်းသိမ်းရပါမယ်။ ကိုယ့်ဘာသာကို စောင့်ရှောက်ရပါမယ်။ မြေမျိုလို့ လူမျိုမပြုတ်ပါဘူး။ လူမျိုရင် လူမျိုးပင် မကဘူး၊ ဘာသာတရားကိုပါ ပြုတ်မယ် ဆိုတာ သားသမီးတိုင်း လေးလေးနက်နက်သတိထားရမှာ ဖြစ်ပါတယ်။ 

အိမ်ရှေ့ခန်းမှာ လောင်နေတဲ့မီးဟာ နောက်ဖေးခန်းနဲ့မဆိုင်ဘူးဆိုပြီး ပေါ့လျှော့မနေပါနဲ့။ နိုင်အောင် မငြိမ်းသတ်ရင် တစ်အိမ်လုံးလောင်ကျွမ်းသွားနိုင်ပါတယ်။ အညှောင့်မှ ထွက်ခါစဖြစ်တဲ့ ညောင်ပင်လေးကိုလည်း အထင်မသေးလိုက်ပါနဲ့။ အချိန်ကြာလာရင် ကြီးမာတဲ့ ကုက္ကိုပင်ကြီးကိုလည်း မျိုသွားနိုင်ပါတယ်။ ဧရာမဘုရားစေတီကြီးလည်း ပျက်စီးသွားနိုင်ပါတယ်။

                ဒါကြောင့်မို့ သားသမီးတိုင်း မိဘတွေမျှော်လင့်တဲ့ အမျိုးသားရေးအာမာန်၊ ဘာသာရေးအားမာန်တွေ အပြည့်အ၀ကိန်းဝပ်နေဖို့လိုပါတယ်။ အဲဒီလိုပင်ကိုယ်အသိစိတ်ဓါတ်လေးတွေထားပြီး အမျိုးသားရေး၊ ဘာသာရေးလက္ခဏာတွေ မပျောက်ပျက်အောင် စောင့်ရှောက်သွားမယ်ဆိုရင် မိဘနဲ့သားသမီး ချစ်မငြီးတဲ့လမ်းခရီးမှာ ပန်းမွေ့ရာလေးလို နုညံ့သိမ်မွေ့နေမှာသေချာပါတယ်။

                                     ဖိုးပညော ရဲ့ အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ စာအုပ်မှ မြန်မာမိန်းကလေးများ အမျိုးသားစိတ်ဓါတ် ဘာသာရေးစိတ်ဓါတ်မြင့်မားအောင် အသိပေးရေးသားခြင်းဖြစ်သည်။ ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ စော်ကားချင်တဲ့ စိတ်နဲ့ရေးသားသည်မဟုတ်ပါ။ ဗုဒဘာသာ မြန်မာများအတွက်သာ သတိပေး ကူးယူဖေါ်ပြခြင်းဖြစ်သည်။ တကယ်လို စာလုံးသတ်ပုံအမှားပါခဲ့ရင် ပြန်လေရေးသာသူ ဦးဇင်းရဲ့တာဝန်သာဖြစ်သည်။

    ဆက်လက်ဖေါ်ပြပါမည်။


No comments:

Post a Comment